.. ပိုးမွှားတွေဘယ်မှာနေလဲ.. နေမကောင်းခြင်းအမျိုးမျိုးနဲ့ ရောဂါ ဖြစ်စေနိုင်သော ပိုမွှားနှင့် ဘတ်တီးရီးယားပိုးများကို ဘယ်လိုရှောင်ရမလဲ..
အ၀တ်အပိုင်းအစနှင့် အ၀တ်ထည်များ
လက်တလော လေ့လာမှုများမှ တွေ့ရှိချက်များအရ လူအများပန်းကန်ဆေးရန်
အသုံးပြုတဲ့ ပိတ်စအ၀တ်များတွင် ပါဝင်နေသော ပိုးမွှားပမာဏသည်
အိမ်သာအိုးတွင်းတစ်ခုမှာရှိတဲ့
ပိုးမွှားပမာဏထက် ပိုများတယ်လို့ သိရပါတယ်။ ဒီထက်ပိုဆိုးတာက…
ယင်းအ၀တ်စများထဲမှ ၇% တွင် Methicillin resistant Staphylococcus aureus
(MRSA) ခေါ် ပန်နက်စလင် (Penicillins) အစရှိသော ပိုးသက်ဆေးများကို ယဉ်ပါးသော
ဘတ်တီးရီးယားကို လေ့လာမှုတစ်ခုတွင် တွေ့ရှိခြင်းပဲ ဖြစ်ပါတယ်။ ဘာလုပ်ရမလဲ?
ယင်းအ၀တ်စများကို ပိုးမွှားကင်းစင်အောင် (ပြုတ်လျော်၍သော်၎င်း)
ပုံမှန်ဆေးကြောပါ။ အသုံးပြုသောအခါတိုင်းတွင်လည်း ရေဖြင့် ဆပ်ပြာအဟောင်းများကိုဆေးကြောပြီး..ဆပ်ပြာအသစ်ထည့်ပြီးမှ အသုံးပြုသင့်ပါတယ်။
ဘေစင်ခွက်၊ ဘေစင်ရေပိုက် နှင့် သွားတိုက်တံထားရာနေရများ
ဒီနေရာတွေကတော့ ဘက်တီးရီးယားတွေ အနေများတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒါကြောင့်
မကြာခဏဆေးကြောပေးပါ။ ဘေစင်ခွက်နှင့် ဘေစင်ပိုက်များကို ချေးချွတ်ဆေး
အသုံးပြုပြီး ဆေးကြောပါ။ သွားတိုက်တံထားရာခြင်းနှင့် ချိတ်များကို ၁ ပတ်လျင် နှစ်ကြိမ် ရေနွေးပူထဲတွင် ဆေးကြောပြီး သန့်စင်သောအ၀တ်နှင့် အခြောက်ပြန်သုတ်ပါ။
တီဗွီရီမုတ်၊ ရေခဲသေတ္တာလက်ကိုင်နှင့် အိမ်တံခါးလက်ကိုင်များ
Virginia တက္ကသိုလ်မှ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန် Dr. Birgit
Winther ရဲ့ ပြောပြချက်အရ … ဗိုင်းရက်စ်တွေဟာ ဖေါ်ပြပါနေရာများတွင် ၂၄
နာရီကြာကြာ ရှိနေနိုင်တယ်လို့ သိရပါတယ်။ ဆရာကတော့ သူ့အိမ်မှာ
တစ်ယောက်ယောက်နေမကောင်းတိုင်း လက်ကိုင်မျက်နှာပြင်တွေကို မကြာခဏဆေးကြောလေ့ရှိတယ်လို့ ပြောပြပါတယ်။
ဈေးဝယ်တွန်းလှည်းများ
၂၀၁၁ ခုနစ်က လေ့လာချက်တစ်ခုမှ ဈေးဝယ်တွန်းလှည်းများ၏ ၇၀% တွင် E.Coli
(သို့) ၄င်းနှင့်တူသော ဘက်တီးရီးယားများ ရှိနေသည်ကို အမေရိကန်နိုင်ငံ
ပြည်နယ်လေးခုရှိ Shopping Mall များတွင် တွေ့ရှိရပါတယ်။ “အသားထုတ်များ
ပျက်စီးနိုင်ခြေရှိတယ်” “ခင်ဗျားတို့ ကလေးတွေကို ထိုင်ခိုင်းတဲ့နေရာဟာ
တစ်ချို့လူတွေ အသီးအရွက်ထားတဲ့ နေရာဖြစ်နေပါတယ်” လို့ Arizona တက္ကသိုလ်မှ
လေ့လာသူ Chuck Gerba က ပြောပါတယ်။
လူအများအစုထိတွေ့ကိုင်တွယ်သော နေရာများ.. ဥပမာ။ ။ ATM ခလုတ်များ
UK နိုင်ငံ လေ့လာတွေ့ရှိချက်တစ်ခုတွင် လန်ဒန်မြို့ လယ်ခေါင်ရှိ ATM များ၏
၉၅% နှုန်းတွင် Staphlococcus (စတက်ဖလိုကိုးကပ်စ်) ဘက်တီးရီးယားများ
ရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
အလွယ်ကူဆုံးနှင့် ထိရောက်သော အချက်
ဆပ်ပြာလုံလောက်စွာထည့်ပြီး မကြာခဏ ကောင်းမွန်စွာ လက်ဆေးပါ။ ၂၀
စက္ကန့်ခန့်ကြာအောင် ပွတ်တိုက်ပြီးဆေးပါ - ပျော်ရွှင်သောမွေးနေ့ပါလို့
လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ဖြစ်ပါပြီ။
Cornerstone