April 26, 2011

အသက်ရှုအဖွဲ့စည်း (Respiratory System)

အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဟာ ကျေးလက်ဒေသမှ ဆေးရုံအရေးပေါ်ခန်းထိ တွေ့မြင်နိုင်တဲ့ အဖြစ်များတဲ့ အုပ်စုထဲမှာပါဝင်ပါတယ်။ ၄င်းအဖွဲ့စည်းကို ပုံမှန်ဟုတ်မဟုတ် ခွဲခြားနိုင်ဖို့အတွက် ပုံမှန်အခြေအနေများကို နားလည်ထားဖို့လိုပါတယ်၊ ဒါကြောင့် သူတို့ရဲ့ ပုံမှန် တည်ရှိနေပုံ (Anatomy) နှင့် လုပ်ဆောင်ပုံ (Physiology) များကို ဖော်ပြလိုပါတယ်

Anatomic and Physiologic Overview
အသက်ရှူအဖွဲ့စည်းမှာ အပေါ်ပိုင်းနှင့် အောက်ပိုင်း အသက်ရှုလမ်းကြောင်း(Lower and Upper Respiratory Tracts)  နှစ်ခုဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်၊ အဲဒီ့ နှစ်ပိုင်းစလုံးဟာ အသက်ရှူသွင်း ရှုထုပ်နိုင်ဖို့အတွက် အတူတကွလုပ်ဆောင်ကြပါတယ်၊ အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းဟာ ရှုသွင်းလိုက်တဲ့ လေများကို စစ်ပေးခြင်း(Filtering) ဖိအားပေးခြင်းများ ပြုလုပ်ပြီး အောက်ပိုင်းအသက်ရှုလမ်းကြောင်းကို ပို့ပေးပါတယ်၊ အောက်ပိုင်းအသက်ရှုလမ်းကြောင်းမှာတော့ Gas Exchange ဆိုတဲ့ အောက်စီဂျင်(Oxygen)ကိုရယူပြီး စွင့်ပြစ်ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုဒ်(Carbon Dioxide) ကို ပြန်လည်ရှူထုတ်ပေးပါတယ်၊ အခုလိုပြုလုပ်နိုင်ရန် အသက်ရှူအဖွဲ့စည်းဟာ နှလုံးနှင့်သွေးကြောအဖွဲ့စည်း (Cardiovascular System) နှင့် ပူးပေါင်းလုပ်ဆောင်ရပါတယ်၊ အဆုတ်ဟာ လေရှုခြင်း လေများပြန်နှံ့စေခြင်း တို့ကိုလုပ်ဆောင်ပြီး နှလုံးဟာ အောက်စီဂျင်များကို သွေးထဲသို့ဝင်စေခြင်း (Perfusion)ကို လုပ်ဆောင်ပါတယ်။

အသက်ရှူလမ်းကြောင်း တည်ရှိနေပုံ

အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းတွင် နှာခေါင်း (Nose)၊ လေကလိုင်ခေါင်းများ (Sinuses)၊ နှာလမ်းကြောင်း (Nasal passages)၊ အာခတွင်း (Pharynx)၊ အာသီး (Tonsils)၊ အသံအိုး (Larynx) နှင့် လေပြွန်(Trachea) တို့ပါဝင်ပါတယ်။
Upper Respiratory Tract

အောက်ပိုင်း အသက်ရှုလမ်းကြောင်းမှာတော့ အဆုတ် (Lungs)၊ လေပြွန်ငယ်များ (Bronchioles)၊ နှင့် Gas Exchange မှာ အသုံးပြုတဲ့ လေအိတ်ငယ်(Alveolus) တို့ ပါဝင်ပါတယ်

 

အသက်ရှူအဖွဲ့၏ လုပ်ဆောင်ပုံ

ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်(Cells)တွေဟာ အောက်ဆီဂျင်ရှိမှ အသက်ရှင်ပါတယ်၊ အဓိကကျတဲ့ တစ်ရှူးများ (Vital Tissues) ဖြစ်တဲ့ ဦနှောက်(Brain) နှင့် နှလုံး(Heart)တို့ဟာ အောက်ဆီဂျင်မရှိဘဲ ကြာမြင့်စွာ အသက်မရှင်နိုင်ပါ၊ အသက်ရှုခြင်း၏ လုပ်ငန်းစဉ်အတိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ရှုထုတ်ခြင်းဟာလည်း ခန္ဓာကိုယ်အတွက်လိုအပ်ချက်တစ်ခုဖြစ်ပါတယ် ဒီလို အဓိကကျတဲ့ ခန္ဓာကိုယ်ရဲ့အသက်နှင့်တိုက်ရိုက်ဆိုင်တဲ့ လုပ်ငန်းများကို အသက်ရှုအဖွဲ့မှ လုပ်ဆောင်ပါတယ်။

ရှုသွင်းလိုက်တဲ့လေတွေဟာ နှာခေါင်း ပါးစပ်နှင့် လေပြွန်မကြီးမှအဆင့် အဆုတ်အတွင်းရှိ လေပြွန်ငယ်များ၏ အဆုံးသို့ သယ်ဆောင်ခြင်းခံရပါတယ်၊ အဆုံးတွင် လေအိပ်ငယ်များတည်ရှိပါတယ် လေအိတ်ငယ်များသည် နှလုံးမှလာသော ခန္ဓာကိုယ်၏ အသေးငယ်ဆုံးသွေးကြော (Capillaries) များနှင့် ထိစပ်လျှက်ရှိပါတယ်၊ ထိုသွေကြောငယ်များ သယ်ဆောင်လာတဲ့ သွေးထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို အဆုတ်တွင်း လေအိတ်ငယ်များမှတဆင့် စွန့်ထုတ်ပြီး အဆုတ်တွင်းလေထဲမှ အောက်ဆီဂျင်ကို သွေးကြောထဲသို့ ပြန်လည်ပို့ပေးပါတယ်၊ ထိုလုပ်ဆောင်ချက်ကို Gas Exchange Process လို့ခေါ်ဆိုနိုင်ပါတယ် ဒီနည်းလမ်းအားဖြင့် အောက်ဆီဂျင်သည် သွေးကြောများမှတဆင့် ခန္ဓာကိုယ် တစ်ရူးနှင့် ဆဲလ်များစီသို့ သယ်ဆောင်ခြင်းခံပါတယ် သွေးလည်ပတ်မှူ့အဖွဲ့စည်းတွင် ပိုမိုလေ့လာနိုင်ပါတယ်


References:

Suzanne C. Smeltzer, Brenda G. Bare, Janice L. Hinkle, and Kerry. H. Cheever (2008), Textbook of Medical-Surgical Nursing, 11th ed. Lippincott Williams & Wilkins.

No comments: