လူသား ကမ္မဗေဒ(Human Physiology)ဆိုသည်မှာ ခန္ဓာကိုယ်ရှိ သက်ရှိအဖွဲ့စည်းများ၏ လုပ်ဆောင်ချက်များကို လေ့လာသော ပညာရပ်ဖြစ်သည်။ အော်ဂန်များ (Organs)၊ အော်ဂန်အဖွဲ့စည်းများ (Organ Systems)၊ တစ်ရူးစ် နှင့် ဆဲလ် တို့၏ ရူပနှင့်ဓာတုဆိုင်ရာ လုပ်ငန်းဆောင်တာ(Functions) များ မည်သို့ပြီးမြောက်သည်ကို လေ့လာခြင်းများပါဝင်သည်။ ခန္ဓာဗေဒနှင့် အလွန်ပင်ဆက်နွယ်မှူ့ရှိသည်။ ခန္ဓာဗေဒသည် တည်ရှိပုံကို လေ့လာပြီး ကမ္မဗေဒသည် လုပ်ဆောင်ပုံကို လေ့လာပါသည်။
ကမ္မဗေဒပညာရပ်တွင် ခန္ဓာကိုယ်သည် အပြန်အလှန်ဆက်သွယ်လျှက်ရှိတဲ့ အဖွဲ့စည်းများနှင့် တည်ဆောက်ထားသည်ဟု အမြင်ရှိပါသည်။ အဖွဲ့စည်းတိုင်းတွင် ပေါင်းစည်းထားသော လုပ်ဆောင်ချက်များနှင့် ရည်ရွယ်ချက်များလည်း ရှိပါသည်။ အဖွဲ့စည်းများ၏ လုပ်ဆောင်ချက်များကို အောက်ပါအတိုင်း အတိုချုန်းလေ့လာနိုင်ပါသည်။
ဦးနှောက်နှင့်အာရုံကြောအဖွဲ့စည်း
ဦးနှောက်နှင့် အာရုံကြောရိုးမကြီး (Spinal Cord) တို့ပါဝင်ပါတယ်၊ ဦးနှောက်ဟာ အတွေး၊ စိတ် နှင့် အာရုံခံစားမှူ့တို့အတွက် အလုပ်လုပ်ပေးတဲ့ အော်ဂန်တစ်ခုဖြစ်ပြီး ဆက်သွယ်ရေးနှင့် အခြား ခန္ဓာကိုယ်အဖွဲ့စည်းများ၏ လုပ်ငန်းများ (ဥပမာ- အသက်ရှုခြင်း၊ နှလုံးခုံခြင်း) ကို ထိန်းချုပ်တဲ့ အလုပ်ကိုလည်းလုပ်ဆောင်ပါတယ်။
ကြွက်သားနှင့် အရိုးအဖွဲ့စည်း (Musculoskeletal System)
အရိုးများ အရိုးနုများ အရွက်များ နှင့် ကြွက်သားများ ပါဝင်ကြပါတယ်။ ခန္ဓာကိုယ်ပုံစံအနေအထားနှင့် ရွေ့လျားမှု့တို့ကို လုပ်ဆောင်ရန် တာဝန်ရှိပါတယ်၊ ရိုးတွင်းခြင်ဆီလို့ခေါ်တဲ့ (Bone Marrow) များဟာလည်း အရိုးရဲ့အတွင်းပိုင်းမှာ တည်ရှိပြီး Blood Cells သွေးဥများကို ထုတ်လုပ်ပေးပါတယ်၊ ဒီထက်မက အရိုးများဟာ ကယ်လ်စီယမ် (Calcium) နှင့် ဖေါ့စ်ဖေါရိတ် မီးစုံးဓာတ် (Phosphate) များ သိုလှောင်ရာ အဓိကနေရာလဲဖြစ်ပါတယ်။
နှလုံးနှင့် သွေးကြောအဖွဲ့စည်း (Cardiovascular System)
ဒီအဖွဲ့စည်းတွင် နှလုံး၊ သွေး နှင့် သွေးကြောများပါဝင်ပါတယ်၊ နှလုံး၏ ပန်းအား၊ ခုန်နှုန်းအားဖြင့် သွေးများကို လည်ပတ်စေပြီး အောက်စီဂျင်နှင့် အခြားအာဟာရများကို အော်ဂန်နှင့် ဆဲလ်များသို့ ပို့ဆောင်ပါတယ်၊ သွေးထဲတွင် ဆဲလ်များကို သယ်ဆောင်နိုင်သော အရည်များလည်းပါရှိပါတယ်။
အသက်ရှုအဖွဲ့စည်း (Respiratory System)
နှာခေါင်း၊ လေပြွန် မှ အဆုတ်ထိ ပါဝင်ပါတယ်၊ အသက်ရှုအဖွဲ့စည်းသည် အောက်စီဂျင်ကို လေမှတဆင့် သယ်ဆောင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲသို့ပြန်ထုတ်ပေးပါတယ်။
အစာအိမ်နှင့် အူလမ်းကြောင်းအဖွဲ့စည်း (Gastrointestinal System)
ပါးစပ်၊ အစာရေမြိုပြွန် (Esophagus)၊ အစာအိမ်(Stomach)၊ အူသိမ်နှင့်အူမကြီး (Small and Large Intestine)၊ ကျင်ကြီးအိမ်(Rectum)၊ အသဲ(Liver)၊ မုန့်ချိုအိပ် ပန်ခရိယ(Pancreas)၊ သည်းခြေအိပ်(Gallbladder) နှင့် တံတွေးဂလင်း (Salivary glands) တို့ပါဝင်ကြပါတယ်၊ အဓိကလုပ်ဆောင်ချက်များမှာတော့ အစာသိုလှောင်ခြင်း၊ အစာခြေခြင်းနှင့် အစာချက်ခြင်းတို့ပဲဖြစ်ပါတယ်။
အရေးပြားအဖွဲ့စည်း (Integumentary Stystem)
ခန္ဓာကိုယ်အရေပြား(Skin)၊ အမွှေး(Hairs)၊ လက်သည်း(Nail)၊ ချွေးဂလင်း(Sweat glands)နှင့် အဆီဂလင်း(Sebaceous glands) တို့ပါဝင်ပါတယ်၊ ခန္ဓာကိုယ်ကို ကာကွယ်ပေးရုံသာမက အပူအအေးကိုလည်း မျှတပေးပါသည်။
ဆီးလမ်းကြောင်းအဖွဲ့စည်း (Urinary System)
ကျောက်ကပ်(Kidneys)၊ ဆီးပြွန်(Ureters)၊ ဆီးအိမ်(Bladder)နှင့် ကျင်ချောင်း(Urethra) တို့ပါဝင်ပါတယ်၊ သွေးအတွင်းမှ အညစ်ကြေးများကို စီးအဖြစ် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးသည်။
မျိုးပွားအင်္ဂါအဖွဲ့စည်း (Reproductive Systems)
ဖိုမအင်္ဂါများ (Sex Organs)များ ပါဝင်သည်။ သန္တေသားအောင်မြင်ရေးနှင့် မျိုးပွားရေးကို လုပ်ဆောင်သည်။
ခုခံအားအဖွဲ့စည်း (Immune System)
သွေးဖြူဥ၊ သိုင်းမတ်စ်ဂလင်း၊ သားငံရည် အကျိတ်တို့ ပါဝင်ပါတယ် ခန္ဓာကိုယ်ခုခံအားနှင့် ရောဂါပိုးများ တိုက်ထုတ်ရာတွင် လုပ်ဆောင်ပါသည်။
ဟော်မုန်းအဖွဲ့စည်း (Endocrine System)
ဟော်မုန်းဂလင်းများဖြစ်တဲ့ ပစ်တျူထရီဂလင်း (Pituitary), သိုင်းရွိုက်ဂလင်း (Thyroid), ကျောက်ကယ်အနီးတွင်ရှိသော အဒရီနယ်ဂလင်း (Adrenals), ပန်ခရီးရက်စ် (Pancreas), ပါရာသိုင်းရွိုက်ဂလင်း (Parathyroids) နှင့် လိင်အင်္ဂါများ (Gonads)တို့ ပါဝင်ပါသည်၊ ဟော်မုန်းများသည် များပြားသော လုပ်ဆောင်ချက်များအတွက် အချက်ပြခြင်း ထိန်းချုပ်ခြင်းများကို ပြုလုပ်နိုင်သည်။
http://en.wikipedia.org/wiki/Human_physiology
References:
http://en.wikipedia.org/wiki/Physiologyhttp://en.wikipedia.org/wiki/Human_physiology
No comments:
Post a Comment