ရက်ချိန်းရထားပြီး လူနာတစ်ယောက် ဒီကနေ့ဆရာဝန်ကို လာတွေ့ပါတယ် ကျွန်တော်က ဆရာဝန်နှင့် လူနာဘေးမှာ ရှိနေပါတယ်……
ဆရာဝန်။ ။ ဒီကနေ့ ဘယ်လိုနေလဲ ပြောပြပါအုံး
လူနာ ။ ။ ဟင်း……ဘယ်လိုနေလဲဆိုတော့ ဒီလိုပါပဲ၊
လူနာများ ဆရာဝန်ပြတဲ့အခါမှာ ဆရာဝန်က ပထမဦးဆုံး မေးလေ့မေးထရှိတာက Chief Complaint လို့ခေါ်တဲ့ လူနာဆေးရုံလာရခြင်းရဲ့ အဓိကအကြောင်းရင်းပါ။ အခုလိုမေးတဲ့အခါမှာ လူနာများနေနဲ့ နှင့်
ကိုယ်တကယ် ခံစားရပှုံနှင့် အပြင်းထန်ဆုံး ပြဿနာများကို ပြောပြပေးသင့်ပါတယ်။ ပြီးတော့ Past History ခေါ် ယခင်ကဖြစ်ခဲ့တဲ့ ကျန်းမာရေးအခြေနေများ၊ ယခုဖြစ်နေသော အခြေအနေ၊ နေမကောင်းပုံ Present Illness တို့ကိုလည်း အမြဲမေးရပါတယ် သို့ပေမယ့် အပေါ်တွင်ဖေါ်ပြထားသလို “ဒီလိုပါပဲ” လို့တော့ မဖြေသင့်ပါဘူး။ ဆရာဝန်တစ်ဦးရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှူ့နှင့် ကုသမှု့အောင်မြင်မှု့တို့ဟာ လူနာ၏တင်ပြမှု့ပေါ်မှာ အလွန်မူတည်ပါတယ်။ ဆရာဝန်တစ်ယောက်နေနဲ့ လူနာထံမှ မေးမြန်းချက်များရှိရုံဖြင့် ၉၀% ခန့် အချက်လက်မှန်ကန်စွာ ရောဂါသတ်မှတ်(Diagnose) နိုင်ပါတယ်။ နည်းပညာများ အသုံးပြုခြင်းဆိုသည်မှာ သေချာစေရန်နှင့် မမြင်နိုင်အစိတ်ပိုင်းများကို သိသာထင်ရှားစွာ မြင်နိုင်စေရန်ဖြစ်ပါတယ်

ဒါကြောင့် လူနာများ၏ အသေးစိတ် တင်ပြမှု့ဟာ အရမ်းရေးကြီးပါတယ်။ အကြမ်းအားဖြင့် လူနာများ အနေနဲ့ကတော့ ခံစားရပုံ ရောဂါလက္ခဏာများကို ဖြစ်ပွားသည့်နေရာ၊ ဖြစ်ပွားသည့်အချိန်၊ စတင်ဖြစ်ချိန်၊ ဖြစ်ပွားပုံ၊ ဖြစ်ပွားသည့်အကြိမ်ပေါင်း နှင့် အခြားထူးခြားချက်များကို တက်နိုင်သလောက် ကြိုးစားပြီး တင်ပြရမည်ဖြစ်ပါသည်။ ဥပမာပြောရမယ်ဆိုရင် လူနာတစ်ယောက်ဟာ ခြေထောက်တွင်နာ နေတယ်ဆိုကြပါစို့……မိမိရဲ့အနာကို စတင်သတိထားမိချိန်၊ နာတဲ့နေရာအတိအကျ၊ နာကျင်ပုံ နှင့် အနာကြာမြင့်ချိန်တို့ကို ပြောပြဖို့ရန် အရေးကြီးပါတယ်
လူနာတိုင်းဟာ အားလုံးကိုအတိအကျ မပြောနိုင်ပေမယ့် အတတ်နိုင်ဆုံး အစုံလင်ဆုံးဖြစ်အောင် ပြောပြရန် ကိုယ့်ရဲ့အသက်တမျှရေးကြီးပါကြောင်း………ကျွန်တော်ချစ်သော လူနာများသိစေလိုပါတယ်ခင်ဗျာ
No comments:
Post a Comment