November 6, 2011

နှလုံးနှင့်သွေးကြောအဖွဲ့အစည်း (Cardiovascular System)

အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ ၇၁သန်းကျော်ခန့်ဟာ တစ်မျိုး (သို့) တစ်မျိုးထက်ပိုသော နှစ်လုံးနှင့်သွေးကြောဆိုင်ရာရောဂါများ (၂၀၀၆ ခုနှစ်စစ်တမ်းများအရ) ရှိနေကြပါတယ်။ ပါဝင်တဲ့ရောဂါအမျိုးစားများကတော့ သွေးတိုးရောဂါ (Hypertension)
နှလုံးသွေးကြောရောဂါ (Coronary artery disease) နှလုံးလုပ်ဆောင်မှုအားလျော့ကျခြင်း (Heart Failure) လေဖြတ်ခြင်း(Stroke) နှင့် မွေးရာပါ နှစ်လုံးရောဂါများ ဖြစ်ကြပါတယ်။ နှလုံးနှင့်သွေးလည်ပတ်မှုအဖွဲ့စည်းကို လေ့လာနားလည်ထားခြင်းသည်လည်း ယင်းရောဂါများမဖြစ်စေရန် ထိရောက်သော ကာကွယ်မှုတစ်ခုဖြစ်ပါတယ်။
 
နှလုံး၏ခန္ဓာဗေဒ
ကျွန်တော်တို့ စာတွေရေးဖွဲ့တက်တဲ့ နှလုံးသားလေးဟာ လှပတဲ့အင်္ဂါတစ်ခုမဟုတ်ပါ။ ကျွန်တော်တို့ရဲ့နှလုံးဟာ ဟောင်းလောင်းပေါက် (Hollow) အသွင်ရှိပြီး ခန္ဓာကိုယ် ရင်ဘက်အလယ်တွင် ကြွက်သားအသွင်ဖြင့်တည်ရှိနေပါတယ်။ ခန့်မှန်းခြေအလေးချိန် ၁၂ အောင်စခန့်ရှိပြီး အရောင်အသွေးမှာတော့ အနီရောင်ရှိပါတယ်။ နှလုံးရဲ့အဓိကလုပ်ဆောင်ချက်ဟာဆိုရင် ခန္ဓာကိုယ်အစိတ်ပိုင်းများအားလုံးသို့ သွေးမှတဆင့် အောက်ဆီဂျင်နှင့် အခြားအဟာရဓာတ်များရစေရန် ညှစ်ထုပ်ပေးရခြင်းဖြစ်ပါတယ်။ အနားယူနေသော လူကြီးတစ်ယောက်ရဲ့ နှစ်လုံးခုန်နှုန်းသည် ၆၀ မှ ၈၀ ခန့်ရှိပါတယ်။ နှစ်လုံးတစ်ချက်ခုန်လိုက်တိုင်း ၇၀ml ခန့် သွေးပမာဏကို ညှစ်ထုပ်ပေးနိုင်ပြီး output အားဖြင့် မိနစ်ကို လီတာခန့် ရှိပါသည်။
 
နှလုံးကြွက်သားတွင် အလွှာသုံးလွှာရှိပြီး အလွန်အမင်းအလုပ်လုပ်ရသော အခန်းလေးခန်းပါရှိပါတယ်။ ယင်းအခန်းလေးခန်းနှင့်အတူ အေအောတသွေးလွှတ်ကြောမကြီး (Aorta) နှင့် ပေါ်ပိုင်းဗီနာကဗာ (Superior Vena Cava)၊ အဆုပ်သွေးလွှတ်ကြောနှင့် သွေးပြန်ကြော (Pulmonary Artery and Vein) တို့နဲ့ဆက်သွယ်ထားပါတယ်။ အခန်းများရှိသကဲ့သို့ နှစ်လုံးအဆို့ရှင် (ခေါ်) တံခါးများလည်းရှိပါတယ်။ ဒီ့အပြင် နှစ်လုံးကြွက်သားများကို သွေးထောက်ပံ့ပေးသော နှစ်လုံးသွေးလွှတ်ကြောနှင့်သွေးပြန်ကြော (Coronary Artery and Vein) တို့သည် နှစ်လုံးကြွက်သားများရဲ့ နံရံပေါ်တွင်တည်ရှိနေပါတယ်။  

နှလုံး၏ကမ္မဗေဒ (သို့) နှလုံး၏လုပ်ဆောင်ပုံ
စိတ်ပူပန်ရသည့်အခါ နှလုံးသည် ပိုမိုမြန်ဆန်စွာ ခုန်ရပါသည်။ အဲဒီ့အခါ တဒိတ်ဒိတ်ခုန်နေသည်ကို သတိပြုမိပါသည်။ တဒိတ်ဒိတ်ခုန်နေသည်မှာ အဆို့ရှင်များ ဖွင့်ချည်ပိတ်ချည်လုပ်နေ၍ဖြစ်ပါသည်။ နှလုံး၏ ရှို့စနစ် (Ignition system) သည် တခဏတာမျှ ပုံမှန်မဟုတ်၊ အသံပို၍ညံတတ်သည်။ မော်တော်ကား၏ စနစ်ကဲ့သို့ဖြစ်သည်။ နှလုံးကိုယ်တိုင်သည် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပေးပါသည်။ ကျုံ့ခြင်းများကို စနက်ရှို့သည့်အနေဖြင့် နှိုးဆွမှုများ (impulses) ကို ပို့ပေးရသည်။ ထိုသို့ လျှပ်စစ်ဓာတ် နှိုးဆွမှုများကြောင့် နှလုံးခုန်ရသည်။ 

 
ညာဘက်အခန်းနှစ်ခန်းမှ ညစ်ညမ်းသောသွေးများကို အဆုပ်သို့ ညှစ်ထုပ်ပေးပြီး အဆုပ်မှပြန်လာသော အောက်ဆီဂျင်ကြွယ်ဝသော သွေးသန့်များကို ဘယ်ဘက်အခန်းနှစ်ခန်းမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့်နှန့်သွားစေရန် ညှစ်ထုပ်ပေးရပါတယ်။ သေးစိတ်ပြောကြည့်ရအောင်……. ညာဘက်အခန်းနှစ်ခန်းဟာဆိုရင် ပေါ်ပိုင်းဗီနာကဗာသွေးပြန်ကြောမှတစ်ဆင့် ခန္ဓာကိုယ်မှပြန်လာသော ညစ်ညမ်းသောသွေးများကို လက်ခံရရှိပါတယ်။ နှစ်လုံးရဲ့ညှစ်အားဖြင့် ယင်းသွေးညစ်များသည် အဆုတ်သွေးလွှတ်ကြောမှတဆင့် အဆုတ်ထဲတွင် အောက်ဆီဂျင်လည်လှယ်ခြင်းပြုလုပ်ခါ အဆုတ်သွေးပြန်ကြောမှတစ်ဆင့် ဘယ်ဘက်နှလုံးအခန်းများထဲသို့ ပြန်ရောက်လာပါတယ်။ အဲဒီ့မှတဆင့် နှစ်လုံးရဲ့ညှစ်အားဖြင့် သွေးသန့်များသည် ခန္ဓာကိုယ်အစိတ်ပိုင်းများ ထံသို့ရောက်ရှိပါတယ်။


အထက်ဖေါ်ပြပါ နှလုံးလုပ်ဆောင်ချက်ကို ပြုလုပ်နိုင်ရန် နှလုံးကိုယ်တိုင်သည်လည်း အောက်ဆီဂျင်နှင့်အဟာရများ ကြွယ်ဝသောသွေး လိုအပ်ပါသည်။ နှလုံးသည် ခန္ဓာကိုယ်အလေးချိန်၏ /၂၀၀ ပုံမျှသာရှိသော်လည်း သွေးအားလုံး၏ /၂၀ ခန့်ကို ကျွန်ုပ်တို့နှလုံးသည် လိုအပ်ပါတယ်။ ထိုသို့ရရှိရန် အခန်းလေးခန်းတွင်းရှိသွေးများကို ယူခြင်းမဟုတ်ပါ။ နှလုံးကြွက်သားများပေါ်ရှိ နှလုံးသွေးကြောများမှ ယူရပါသည်။ နှလုံး၏ အားအနည်းဆုံးပိုင်းသည် ထိုအပိုင်းပင်ဖြစ်သည်။ လူကိုသေစေနိုင်သော အကြောင်းတစ်ရပ်သည် ထိုအပိုင်းတွင် ဖြစ်ပေါ်တတ်သည်။ နှလုံးသွေးကြောပိတ်ခါ ကြွက်သားများအဟာရမရှိခြင်းကြောင့် နှလုံးကြွက်သားများပုပ်ခါ နှလုံးခုန်ရပ်၍ အသက်ဆုံးရှုံးရပါသည်။
 
ကျွန်န်ုပ်တို့၏နှလုံးသည် မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ အစွမ်းကုန်ဆောင်ရွက်ပေးနေမည်သာဖြစ်သည်။ ထို့ကြောင်း ကျွန်တော်တို့ရဲ့ နှလုံးသားလေးသက်သာစေရန် သက်တောင့်သက်သာ ခိုနားခွင့်ပေးနေရမည်ဖြစ်ပါသည်။ ပိန်အောင်လုပ်ပါ။ ပုံမှန်ကိုယ်လက်လှုပ်ရှားပါ။ ပိုမို၍ အနားယူပါ။ အဆီကို လျှော့စားပါ။ ဆေးလိပ်မသောက်လျှင် အကောင်းဆုံးဖြစ်မည်။ ယင်းသို့ ပြုမူနေထိုင်ပါက ကျွန်တော်တို့ရဲ့နှလုံးလေးသည် ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်နေမည်သာဖြစ်သည်။   

No comments: