November 7, 2011

ကျွန်တော် ဆံပင်

လက်တွေ့အသုံးဝင်မှုလုပ်ငန်းများတွင် ကျွန်တော်သည် ဘာမျှအသုံးမကျ။ ကိုဘအတွက် ဘာမျှလည်း လုပ်ပေးရန်မရှိ။ သို့သော် ကိုဘသည် သူ၏သေရေးရှင်ရေးအတွက် အရေးပါသော အခြားကိုယ်တွင်းအင်္ဂါများထက် ပို၍ ကျွန်တော့်ကို ဂရုစိုက်သည်။
ကိုဘနှင့်ဇနီး မမြတို့သည် ကျွန်တော်နှင့် ကျွန်တော့်အပေါင်း အသင်းများအတွက် အချိန်ပေးသည်၊ ဂရုစိုက်သည်၊ ငွေအကုန်အကျခံသည်။ ကျွန်တော်က ကိုဘ၏ ဦးခေါင်းတွင် ဆံပင်နံပါတ် ၅၆,၇၈၉ ဖြစ်သည်။ သူ၏ခန္ဓာတွင် ပြန့်ကျဲနေသော သန်းချီ၍ရှိကြသော အမွေးအမှင်အားလုံးကိုယ်စား ကျွန်တော်ကပြောဆိုပါမည်။
 
ကျွန်တော်တို့ အမွေးအမှင်များသည် အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဌန်အမျိုးမျိုး ရှိကြသည်။ မျက်ခုံးမွေးများသည် မာ၍တိုကြသည်။ ဦးခေါင်းဆံပင်မှာမူ ပျော့ပျောင်း၍ ရှည်ကြသည်။ ခန္ဓာကိုယ်တွင်မွေးနုထူသော၊ မမြင်ရသော အမွေးအမှင် များစွာရှိကြသည်။ ဦးခေါင်းပေါ်တွင် ကျွန်တော်သည် အရေအတွက် ၁၀၀,၀၀၀ ခန့်ရှိသည်။ သူ၏မုတ်ဆိတ်တွင်မူ ၃၀,၀၀၀ ခန့်ရှိသည်။ သူ၏ခန္ဓာကိုယ်တွင် ကျွန်တော်တို့သည် အကြွီားနှုန်းအမြန်ဆုံးဖြစ်သည်။ တစ်နှစ်လျှင် မုတ်ဆိတ်မွေးသည် / လက်မခန့်ရှည်ထွက်၍ ဆံပင်မှာမူ လက်မခန့်ရှည်ထွက်လျက်ရှိသည်။
 
ကျွန်တော်များက ရှေးဦး လူတို့ကို အကာအကွယ်ပေးခဲ့သည်။ မျက်တောင်များဖြင့် မျက်စိကို ကာကွယ်သည်။ အရေပြားပေါ်ရှိ အမွေးအမှင်များက ဆောင်းရာသီတွင် နွေးထွေးစေသည်။ ဆီးခုံနှင့် ချိုင်းအမွေးများက ပွတ်တိုက်ပွန်းရှမှုကို သက်သာစေသည်။
ကျွန်တော်တို့သည် မည်သည်တို့ဖြစ်ကြ၍ မည်သို့ပေါက်ပွားလာပါသနည်း။ အရေပြားအလွှာ၏ အောက်တွင်ရှိသော သွေးနှင့် နာ့ဗ်ကြောများ ပါဝင်သည့် အရေပါးဖြစ်သည့် corium အရေပြားလွှာတွင် ကျွန်တော်တို့သည် တစ်လက်မ၏ ရှစ်ပုံတစ်ပုံခန့် မြုပ်နေကြသည်။
 
ကျွန်တော့်တွင် သေးငယ်သောတွင်းတစ်ခု (follick) ရှိသည်။ ယင်းတွင်းငယ်က အံ့ဖွယ်ကောင်း၍ ရှုပ်ထွေးသောလုပ်ငန်းကို တစ်နေ့လျှင် ၂၄ နာရီ လုပ်ကိုင်ပေးသည်။ နှစ်မျှလုပ်ပေးသည်။ ထို့နောက် ရပ်နား၍ ပြင်ဆင်မှုများပြုသည်။ ရပ်နားချိန်ကုန်သော် ကျွန်တော်၏တွင်ငယ်သည် အသက်ဝင်လာပြီး ဆံပင်များကို ထုတ်လုပ်ပေးသည်။ ကျွန်တော်သည် များသောအားဖြင့် အသစ်ဆံပင်ဖြစ် အစားထိုးဝင်လာသည်။ ကိုဘသည် တစ်နေ့လျှင် ဆံပင်အရေအတွက် ၇၅ ပင် မျှ ကုန်ဆုံးလျှက်ရှိသည်။
 
ကိုဘသည် မိခင်ဝမ်းတွင်းရှိချိန် လသား ၌ပင် ကျွန်တော်တို့၏ တွင်းငယ်များသည် စတင် ဖြစ်ပေါ်လာသည်။ ကိုဘ ကလေးအရွယ်တွင် ပျော့ပျောင်း၍ တိုသော (vellus hair) အမွေးအမျင်များသည် စ်ကိုယ်လုံးတွင် ဖုံးနေသည်။ လူပျိုပေါက် အရွယ်တွင် vellus hair ကိုဖြစ်စေသော တွင်းငယ်များသည် ပြောင်းလဲသွား၍ ယနေ့ ကိုဘတွင်ရှိနေသော ကြမ်းတမ်းသည့် (terminal hair) အမွေးအမှင်ကို ဖြစ်စေသည်။ ထူးဆန်းသည့်အဖြစ်တစ်ခုမှာ ဦးခေါင်းရှိ တွင်းငယ်များသည် ဆုတ်ယုတ်မျက်စီးလာကြပြီး terminal hair အစား vellus hair ကို ဆက်၍ ထုတ်လုပ်ပေးတတ်သည်။ သို့မဟုတ် ယင်းတို့သည် လုံးဝပိတ်သွားကြသည်။ ယင်းအဖြစ်သည် ရိုးရိုးခေါင်းပြောင်ခြင်း (baldners) ဖြစ်၏ ယောင်္ကျားအများသည် က်တမ်းထက်ဝက်ကျိုးလျှင် ခေါင်းပြောင်တတ်ကြသည်။ မိန်းမများတွင်မူ ယင်းသို့အဖြစ်နည်းသည်။
 
ကိုဘ အိုမင်းလာသည့်အခါ ကျွန်တော်များသည် အချင်းအရွယ် သေးငယ်လာကြသည်။ ကျွန်တော်တို့ကို ထုတ်လုပ်သောစက်သည် အရွယ်အစား ငယ်သွား၍ဖြစ်၏ ယေဘုယျအားဖြင့် ကျွန်တော်တို့သည် အရည်အသွေး ညံ့သွားကြသည်။
 
ဆံပင်အိတ်ငယ်များ (hair follickes) ထုတ်လုပ်ရန် မရှိမဖြစ် လိုအပ်သည်မှာ ပရိုတိန်းဖြစ်သည်။ ကျွန်တော်များသည် ပရိုတိန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ တွင်ငယ်ကဲ့သို့ သေးငယ်လှသည့်အရာက ရှုပ်ထွေးသောဆံပင်ကို ထုတ်လုပ်ပေးသည်မှာ အံ့ဖွယ်ဖြစ်၏။ ကျွန်တော်၏ ပြင်ပအလွှာတွင် တစ်ခုနှင့်တစ်ခုထပ်နေသော ဆဲလ်များ ရှိကြသည်။ ယင်းအလွှာက အင်အားနှင့် ကာကွယ်မှုကို ပေးသည်။ ကျွန်တော်၏အလယ်အလွှာတွင် ဝ၍ရှည်လျားသောဆဲလ်များပါဝင်သည်။ ထို့ပြင် ကျွန်တော်သည် အလွန်သန်မာသည်။ သုံးအောင်စ အလေးကို ထားနိုင်သည်။
 
ကျွန်တော်၏ ဆဲလ်များကို ဖန်တီး၍စီစဉ်ပေးသည်မှာ ကျွန်တော်၏ အိတ်ငယ်များဖြစ်ကြသည်။ ရှုပ်ထွေးလှသော ဆံပင်တည်ဆောက်မှုကို စီစဉ်ပေးကြသည်။ ထို့ပြင် ယင်းတို့က ကျွန်တော့်ကို အရောင်ဖြစ်စေသောဒြပ်ကို ပန်းထုတ်ပေးကြသည်။ ယင်းဒြပ်သည် သေးငယ်လှသော အစေ့မှုန်များ အသွင်ဖြင့် ရှိကြသည်။ ထိုအစေ့မှုန်းများ၏ အရွယ်အစား၊ အရေအတွက်နှင့် ဖြန့်ကျဲနိုင်မှုအပေါ်တွင် ဆံပင်အရောင်သည် တည်သည်။ ထို့ပြင် ပါဝင်သည့်ရောင်ခြယ်ဆေး (အညို-နက် သို့မဟုတ် အဝါ-အနီ) အမျိုးအစားပေါ်၌လည်းတည်သည်။ တွင်းငယ်တစ်ခုစီတွင် ပါဝင်သော စေးထန်းသောဂလင်းများက ဆံပင် အရေအတွက် ချောဆီနှင့် ရေကာဆီ (waterproofing fat) ကို ဖြစ်စေသည်။
 
အိတ်ငယ်တစ်ခုစီ၏ ထုပ်လုပ်မှုနှုန်းသည် ကိုဘ၏ ခန္ဓာ ကိုယ်တွင် မတူကြ။ မျက်ခုံးနှင့် မျက်တောင်များတွင် အချိန်ပြည့် နားနေကြသည်။ သို့သော် မျက်ခုံးမွေး နုတ်ပေးလျှင် အိတ်ငယ်၏ လှုပ်ရှားမှုကို ရှင်သန်စေ၍ အမွေးပြန်၍ မြန်စွာပေါက်စသည်။ ကျွန်တော်၏ အိတ်ငယ်များသည် အလွန်တက်ကြွကြသည်။ တစ်လလျှင် ဆံပင်လက်မဝက်ခန့် ထုတ်လုပ်ပေးသည်။ နှုတ်ခမ်းရှိ အိတ်ငယ်များက ပို၍လျင်မြန်စွာ အလုပ်လုပ်ကြသည်။ မမြတွင် ကိုဘကဲ့သို့ပင် အိတ်ငယ် အရေအတွက်ရှိသော်လည်း ယင်းတို့က ခြားနားသော အမျိုးအစား အမွေးများကို ထုတ်လုပ်ပေးကြသည်။ သူမ၏ခန္ဓာနှင့်ပြင်ပ အရေပြားအမွေးအမှင်များသည် နူးညံ့ကြသည်။ မမြင်နိုင်။ ဤအဖြစ်ကြောင့် သူမက ကံတရားကို ကျေးဇူးတင်ရမည်။ သို့မဟုတ်ပါလျှင် သူမတွင် မုတ်ဆိတ်မွေးများ ရှိနေမည်။ ရင်ဘတ်တွင် အမွေးများထူနေမည်။
 
ကျွန်တော်တို့၏အိတ်ငယ်များက ဖြောင့်တန်းသော၊ လှိုင်းဆန်သော၊ ခွေလိပ်သောဆံပင်များကို ထုတ်လုပ်ပေးသည်။ ကျွန်တော့်ကို ထောင့်ဖြတ်၍ ရှုကြည့်မည်ဆိုလျှင် အခြေခံပုံသဏ္ဌန် သုံးမျိုးဖြင့်တွေ့ရမည်။ လုံးဝန်းသော၊ ဘဲဥ ပုံရှိသော၊ ပိပြားသော အရည်အသွေး ပုံသဏ္ဌန်တို့ဖြစ်ကြသည်။ လုံးဝန်းခြင်းက ဖြောင့်တန်းသော ဆံပင်အတွက်ဖြစ်သည်။
ကိုဘသည် ယခုအသက် ၄၇ နှစ်ရှိပြီ။ ဆံပင်ဖြူစပြုလာပြီ။ ယင်းသို့ဖြစ်ရသည်မှာ ကျွန်တော်၏ရောင်ခြယ်ဂလင်းများက ထုတ်လုပ်မှုအင်အား လျော့ပါးလာ၍ဖြစ်၏။ တစ်ချိန်တွင် ယင်းတို့၏ထုတ်လုပ်မှု ရပ်ဆိုင်းသွားမည်။ ထိုအခါ ကိုဘတွင် ဆံပင်ဖြူနေမည်။
 
ရောဂါဖော်ထုတ်ခြင်းများက ကျွန်တော်တို့ကို အသုံးချ၍ သိနိုင်မည်ဟု အဆိုရှိလာသည်။ ကျွန်တော်များကို အီလက်ထရွန် အဏုကြည့်မှန်ပြောင်း သို့မဟုတ် အိတ်စ်ရောင်ခြည်စီစစ်မှုဖြင့် ကိုဘတွင် မွေးရာပါမည့်သည့်ရောဂါများ ရှိ မရှိကို သိနိုင်မည် ဟူ၏။
ကျွန်တော်တို့၏ ကျန်းမာရေးသည် ကိုဘ၏ကျန်းမာရေးပေါ် မူတည်၏။ အပူအလွန်ပြင်းသော နီမြန်းအဖျားရောဂါကဲ့သို့ ရောပါဖြစ်လျှင် ကျွန်တော်တို့၏ အိတ်ငယ်များကို ယာယီပိတ်သွားစေသည်။ ကိုဘဆံပင်များ ကျွတ်လာသည်။ ကိုဘတွင် သိသာ၍ တာရှည်ဖြစ်သော စိတ်ဝေဒနာခံစားရလျှင် အိတ်ငယ်များသည် အနားယူကြသဖြင့် ကိုဘတွင် ယာယီအားဖြင့် ခေါင်းပြောင်လာမည်။
 
ကျွန်တော်တို့နှင့်ပက်သက်၍ ယုတ္တိမရှိသော ပြောဆိုမှုများ ရှိကြသည်။ လူသေသွားသည့်တိုင် ဆံပင်များ ဆက်လက် ပေါက်နေသည်ဟူ၏ လုံးဝမဟုတ်ပါ။ အရေပြား ကျုံ့သွား၍ ကျသွားသည်။ လက်ရှိအမွေးအမှင်များသည် မျက်နှာပြင်ရောက်သည်ဟု ထင်မှတ်ကြခြင်းဖြစ်၏။ ခေါင်းပြောင်သည်မှာ နေလောင်လွန်း၍ သို့မဟုတ် နေနှင့်မတွေ့ရ၍ ဟုလည်း ပြောကြသည်။ မဟုတ်ပေ။
 
မျိုးရိုးလိုက်တတ်သည်။ ကိုဘ၏ဖခင်သည် ခေါင်းပြောင်ခဲ့သော် ကိုဘခေါင်းပြောင်ရန် ၅၀:၅၀ ဖြစ်၏။ သိုင်းရွိုက်ဟော်မုန်းကလည်း အရေးပါသည်။ သိုင်းရွိုက်ဟော်မုန်းများလွန်းလျှင် ဆံပင်အပေါက်များလာမည်။ ဟော်မုန်းနည်းလျှင် ဆံပင်အကျွတ်များလာသည်။
အခြားသော အင်္ဂါများနည်းတူ ကျွန်တော်တို့ဆံပင်တွင်လည်း ရောဂါများရှိသည်။ ကျွန်တော်များ အိတ်ငယ်များတွင် သေးငယ်သော (အသားပို) များ ဖြစ်ပေါ်လာ၍ အိတ်ငယ်များကို ဖျက်ဆီးပစ်တတ်သည်။ မှိုရောဂါများလည်း ကျွန်တော့်ကို ဒုက္ခပေးတတ်သည်။ အချို့ဆေးဝါးများက ဆံပင်ကျွတ်စေသည်။ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားများကလည်း တိုက်ခိုက်သည်။ ခေါင်းတွင် ကွက်၍ပြောင်သော မွေးကျွတ်ရောဂါ (Alopecia) ဟူ၍လည်း ဖြစ်တတ်သည်။
 
ဆံပင်ကို မည်သို့ဂရုစိုက်မည်နည်း။ ကျွန်တော်များ ဆံပင်များက ဖုန်မှုန့်များ၊ ဗက်တီးရီးယားများနှင့် အခြားအညစ်အကြေးများကို ဖမ်းယူတတ်ကြသည်။ ထို့ကြောင့် ရက်သတ္တတစ်ပတ်တွင်တစ်ကြိမ် ခေါင်းလျှော်ပေးသင့်သည်။ နေပူထဲတွင် အနေများလျှင် ဆံပင်ကို ခြောက်စေသည်၊ ကျွတ်စေသည်၊ အရောင်ပြောင်းစေသည်။ သင့်လျော်သော ဦးထုပ်ဆောင်းသင့်သည်။
ကိုဘနှင့်မမြကို အကြံပြုလိုသည်မှာ သင်တို့၏ခန္ဓာကိုယ်များကို ကျန်းမာအောင်ထားလျှင် ကျွန်တော်လည်း ကျန်းမာမည်ဖြစ်သည်။ ကိုဘဦးခေါင်းမှ ကျွန်တော်များ ထွက်ခွာချိန်ရောက်ပြီဆိုလျှင် သူကဘာမျှမတတ်နိုင်။ မမြ၏ ဆံပင်သည် ပါးလျားလာပြီး ဖြူလာလျှင် သူမက ဆံပင်ဆိုးဆေးဖြင့် ကုစားမည်။ သို့သော် ကျွန်တော်တို့၏ ကံကြမ္မာကိုပြောင်းလဲရန် တတ်နိုင်မည် မဟုတ်ပေ။



References: စကားပြောသော ကိုယ်တွင်းအင်္ဂါများ (ကျော်ဇေယျာပုသိမ်) မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။

No comments: