Ready
reading glasses only for the short term
အသင့်ပြင်ပြီး
စာဖတ်မျက်မှန်များ
ဈေးပေါပေါ
စာကြည့်မျက်မှန်များကို ဆေးဆိုင်များ၊ အရောင်းဆိုင်များ တွင်သာမက ဓာတ်ဆီဆိုင်များတွင်လည်း
ရောင်းချကြပါသည်။ သို့ပေမယ့် မေးစရာရှိတာက ဒီမျက်မှန်တွေဟာ ကျွန်ုပ်တို့မျက်လုံးများအတွက်
ဆိုးကျိုးဖြစ်နိုင်ပါသလား?
“အသင့်ရရှိနိုင်တဲ့
စာကြည့်မျက်မှန်များဟာဆိုရင် မျက်မှန်ကျွမ်းကျင် (optometrist) တစ်ယောက်ရဲ့ ညွှန်းကြားချက်ဖြင့်
ပြုလုပ်ထားသော မျက်မှန်တစ်စုံကဲ့သို့ တူညီတဲ့ ရှင်းလင်းပျက်သားမှု အရည်အသွေးကိုမူ ပေးနိုင်လိမ့်မည်မဟုတ်ပါ။
သို့သော်လည်း အသင့်ပြင်ပြီး စာကြည့်မျက်မှန်များသည် အချိန်တိုအတွက်တော့ အစဉ်ပြေပါတယ်”
လို့ Save Sight Institute မှ Professor Gerard Sutton က ပြောပါတယ်။
မျက်မှန်ဝယ်တော့မယ်ဆိုရင်
ဘာကိုကြည့်ရမလဲ
Presbyopia
ဖို့ကပ်စ် (Focus) လုပ်နိုင်မှုစွမ်းရည် ဆုံးရှုံးခြင်း - အသက်လေးဆယ် ပတ်ဝန်းကျင်တွင်
ကျွန်ုပ်တို့အားလုံး ဖြစ်တတ်ကြပါတယ်။ ပါဝါများခြင်းဟာလည်း ပိုပြီးမကောင်းနိုင်ပါ။
+3 မျက်မှန်တစ်စုံဟာ အသက် ၄၀ တွင်း လူတစ်ချို့အတွက် တအားများပြီး ကောင်းကိုက်စေတတ်ပါတယ်
လို့ Professor Sutton က ပြောပါတယ်။ ပိုပြီး အကူအညီရစေမည့် အနေအထားဟာဆိုရင် +1.25
နှင့် 2.25 ကြားဖြစ်ပါလိမ့်မယ်။ အကွာအဝေးတစ်ခုတွင် အကောင်းဆုံးဖို့ကပ်စ် ရရှိနိုင်မှုကိုတော့
မျက်မှန်၏အရည်အသွေးက အဆုံးဖြတ်ပေးပါတယ်။ တစ်ချိန်ထဲမှာပဲ +1.25 မျက်မှန်ဟာ ကွန်ပြူတာကြည့်ဖို့အတွက်
အပြည့်စုံဆုံးဖြစ်နိုင်သလို +1.75 မျက်မှန်တစ်စုံသည်လည်း စာကြည့် စာဖတ်ရန် ပိုမိုပြီးသင့်တော်နိုင်ပါတယ်။
"စစ်ဆေးပါ" အသက်
၄၀ အရွယ်ရောက်လာပြီ ဆိုရင်တော့ မျက်လုံးအထူးကုဆရာဝန်ဖြင့် ၂ နှစ်တစ်ကြိမ် စမ်းသပ်စစ်ဆေးရန်
အရေးကြီးပါတယ် လို့ Professor Sutton က ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment