April 24, 2011

လူသား ခန္ဓာဗေဒ (Human Anatomy)

ကျန်းမာရေးနှင့် ဆေးပညာကို လေ့လာမယ်ဆိုရင် အခြေခံပညာရပ်အနေနဲ့ လူသားခန္ဓာဗေဒကို လေ့လာရပါမယ်၊ ခန္ဓာဗေဒကို အတိုပြောရမယ်ဆိုရင်
"လူသားခန္ဓာကိုယ်၏ အတွင်းအပြင် အစိတ်အပိုင်းများနှင့် သူတို့ဖွဲ့စည်းတည်ရှိနေပုံကို လေ့လာခြင်းပဲဖြစ်ပါတယ်" ခန္ဓာဗေဒကို အပိုင်းနှစ်ပိုင်းခွဲခြားနိုင်ပါတယ် Gross Anatomy:အကြမ်းဖျင်း (သို့) မျက်လုံးအားဖြင့် မြင်တွေ့နိုင်သော ခန္ဓာဗေဒနှင့် Microscopic Anatomy: အနုစိတ် (သို့) အနုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော ခန္ဓာဗေဒတို့ ဖြစ်ပါတယ်၊




ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ သက်ရှိအဖွဲ့စည်းများဖြစ်တဲ့ အော်ဂန်စ် (Organs)၊ တစ်ရူးစ် (Tissues) နှင့် ဆဲလ်(Cells) များနဲ့ဖွဲ့စည်းထားပါတယ်၊ လူသားခန္ဓာတွင် အဓိကျတဲ့ အဖွဲ့စည်းများ (Major Organ Systems) ဟူ၍ ၁၂ ဖွဲ့ (သို့) (ဒီထက်ပို၍) ခွဲခြားနိုင်ပါတယ်၊ ၄င်းတို့မှာ



၁၊ အရိုးအဖွဲ့စည်း (Skeletal System)
၂၊ ကြွက်သားအဖွဲ့စည်း (Muscular System)
၃၊ နှလုံးနှင့်သွေးလည်ပတ်မှူ့ဆိုင်ရာအဖွဲ့စည်း (Cardiovascular System)
၎၊ ဦးနှောက်နှင့် အာရုံကြောအဖွဲ့စည်း (Nervous System)
၅၊ အသက်ရူလမ်းကြောင်းဆိုင်ရာ အဖွဲ့စည်း (Respiratory System)
၆၊ မျိုးပွားအင်္ဂင်္ါအဖွဲ့စည်း (Reproductive System)
၇၊ ရေပြားအဖွဲ့စည်း (Integumentary System)
၈၊ ခုခံအားဆိုင်အဖွဲ့စည်း (Immunie System)
၉၊ လင့်ဖ်နုတ်များအဖွဲ့စည်း (Lymphatic System)
၁၀၊ ဟော်မုန်းများဆိုင်ရာအဖွဲ့ (Endocrine System)
၁၁၊ အစာရည်ခြေအဖွဲ့စည်း (Digestive System) နှင့်
၁၂၊ စီးလမ်းကြောင်းဆိုင်ရာ (Urinary System) အဖွဲ့စည်းများဆိုပြီး တည်ရှိပါတယ်

ဝေဒနာခံစားရချိန်တွင် မိမိခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာဖြစ်တယ်ဆိုတာ အရေးကြီးပါတယ်၊ ဥပမာပြောရရင် ဗိုက်အောင့်တာဟာ အစာအိမ်ဖြစ်နိုင်သလို အဖိုမ အင်္ဂါများနဲ့ဆိုင်တဲ့ ရောဂါများလည်း ဖြစ်နိုင်ပါတယ်၊ ဖေါ်ပြပါပုံတွင် အကြမ်းဖျင်း လေ့လာကြည့်ပါ၊
အဖွဲ့စည်းတစ်ခုစီ၏ သေးစိတ်များကို ဆက်လက်ဖော်ပြပါမယ်....

References:
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%81%E1%82%8F%E1%81%B6%E1%80%AC%E1%80%B1%E1%80%97%E1%80%92
http://en.wikipedia.org/wiki/Human_anatomy

No comments: