August 11, 2013

ကျန်းမာရေး သတိပေး

.. ပိုးမွှားတွေဘယ်မှာနေလဲ.. နေမကောင်းခြင်းအမျိုးမျိုးနဲ့ ရောဂါ ဖြစ်စေနိုင်သော ပိုမွှားနှင့် ဘတ်တီးရီးယားပိုးများကို ဘယ်လိုရှောင်ရမလဲ..

အ၀တ်အပိုင်းအစနှင့် အ၀တ်ထည်များ

လက်တလော လေ့လာမှုများမှ တွေ့ရှိချက်များအရ လူအများပန်းကန်ဆေးရန် အသုံးပြုတဲ့ ပိတ်စအ၀တ်များတွင် ပါဝင်နေသော ပိုးမွှားပမာဏသည် အိမ်သာအိုးတွင်းတစ်ခုမှာရှိတဲ့ ပိုးမွှားပမာဏထက် ပိုများတယ်လို့ သိရပါတယ်။ ဒီထက်ပိုဆိုးတာက… ယင်းအ၀တ်စများထဲမှ ၇% တွင် Methicillin resistant Staphylococcus aureus (MRSA) ခေါ် ပန်နက်စလင် (Penicillins) အစရှိသော ပိုးသက်ဆေးများကို ယဉ်ပါးသော ဘတ်တီးရီးယားကို လေ့လာမှုတစ်ခုတွင် တွေ့ရှိခြင်းပဲ ဖြစ်ပါတယ်။ ဘာလုပ်ရမလဲ? ယင်းအ၀တ်စများကို ပိုးမွှားကင်းစင်အောင် (ပြုတ်လျော်၍သော်၎င်း) ပုံမှန်ဆေးကြောပါ။ အသုံးပြုသောအခါတိုင်းတွင်လည်း ရေဖြင့် ဆပ်ပြာအဟောင်းများကိုဆေးကြောပြီး..ဆပ်ပြာအသစ်ထည့်ပြီးမှ အသုံးပြုသင့်ပါတယ်။

ဘေစင်ခွက်၊ ဘေစင်ရေပိုက် နှင့် သွားတိုက်တံထားရာနေရများ

ဒီနေရာတွေကတော့ ဘက်တီးရီးယားတွေ အနေများတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မကြာခဏဆေးကြောပေးပါ။ ဘေစင်ခွက်နှင့် ဘေစင်ပိုက်များကို ချေးချွတ်ဆေး အသုံးပြုပြီး ဆေးကြောပါ။ သွားတိုက်တံထားရာခြင်းနှင့် ချိတ်များကို ၁ ပတ်လျင် နှစ်ကြိမ် ရေနွေးပူထဲတွင် ဆေးကြောပြီး သန့်စင်သောအ၀တ်နှင့် အခြောက်ပြန်သုတ်ပါ။

တီဗွီရီမုတ်၊ ရေခဲသေတ္တာလက်ကိုင်နှင့် အိမ်တံခါးလက်ကိုင်များ

Virginia တက္ကသိုလ်မှ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန် Dr. Birgit Winther ရဲ့ ပြောပြချက်အရ … ဗိုင်းရက်စ်တွေဟာ ဖေါ်ပြပါနေရာများတွင် ၂၄ နာရီကြာကြာ ရှိနေနိုင်တယ်လို့ သိရပါတယ်။ ဆရာကတော့ သူ့အိမ်မှာ တစ်ယောက်ယောက်နေမကောင်းတိုင်း လက်ကိုင်မျက်နှာပြင်တွေကို မကြာခဏဆေးကြောလေ့ရှိတယ်လို့ ပြောပြပါတယ်။

ဈေးဝယ်တွန်းလှည်းများ

၂၀၁၁ ခုနစ်က လေ့လာချက်တစ်ခုမှ ဈေးဝယ်တွန်းလှည်းများ၏ ၇၀% တွင် E.Coli (သို့) ၄င်းနှင့်တူသော ဘက်တီးရီးယားများ ရှိနေသည်ကို အမေရိကန်နိုင်ငံ ပြည်နယ်လေးခုရှိ Shopping Mall များတွင် တွေ့ရှိရပါတယ်။ “အသားထုတ်များ ပျက်စီးနိုင်ခြေရှိတယ်” “ခင်ဗျားတို့ ကလေးတွေကို ထိုင်ခိုင်းတဲ့နေရာဟာ တစ်ချို့လူတွေ အသီးအရွက်ထားတဲ့ နေရာဖြစ်နေပါတယ်” လို့ Arizona တက္ကသိုလ်မှ လေ့လာသူ Chuck Gerba က ပြောပါတယ်။

လူအများအစုထိတွေ့ကိုင်တွယ်သော နေရာများ.. ဥပမာ။ ။ ATM ခလုတ်များ

UK နိုင်ငံ လေ့လာတွေ့ရှိချက်တစ်ခုတွင် လန်ဒန်မြို့ လယ်ခေါင်ရှိ ATM များ၏ ၉၅% နှုန်းတွင် Staphlococcus (စတက်ဖလိုကိုးကပ်စ်) ဘက်တီးရီးယားများ ရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

အလွယ်ကူဆုံးနှင့် ထိရောက်သော အချက်

ဆပ်ပြာလုံလောက်စွာထည့်ပြီး မကြာခဏ ကောင်းမွန်စွာ လက်ဆေးပါ။ ၂၀ စက္ကန့်ခန့်ကြာအောင် ပွတ်တိုက်ပြီးဆေးပါ - ပျော်ရွှင်သောမွေးနေ့ပါလို့ လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ဖြစ်ပါပြီ။

Cornerstone


November 7, 2011

ကျွန်တော် ဆံပင်

လက်တွေ့အသုံးဝင်မှုလုပ်ငန်းများတွင် ကျွန်တော်သည် ဘာမျှအသုံးမကျ။ ကိုဘအတွက် ဘာမျှလည်း လုပ်ပေးရန်မရှိ။ သို့သော် ကိုဘသည် သူ၏သေရေးရှင်ရေးအတွက် အရေးပါသော အခြားကိုယ်တွင်းအင်္ဂါများထက် ပို၍ ကျွန်တော့်ကို ဂရုစိုက်သည်။

November 6, 2011

အသင့်ပြင်ပြီး စာဖတ်မျက်မှန်များ


Ready reading glasses only for the short term

အသင့်ပြင်ပြီး စာဖတ်မျက်မှန်များ
ဈေးပေါပေါ စာကြည့်မျက်မှန်များကို ဆေးဆိုင်များ၊ အရောင်းဆိုင်များ တွင်သာမက ဓာတ်ဆီဆိုင်များတွင်လည်း ရောင်းချကြပါသည်။ သို့ပေမယ့် မေးစရာရှိတာက ဒီမျက်မှန်တွေဟာ ကျွန်ုပ်တို့မျက်လုံးများအတွက် ဆိုးကျိုးဖြစ်နိုင်ပါသလား?

နှလုံးနှင့်သွေးကြောအဖွဲ့အစည်း (Cardiovascular System)

အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ ၇၁သန်းကျော်ခန့်ဟာ တစ်မျိုး (သို့) တစ်မျိုးထက်ပိုသော နှစ်လုံးနှင့်သွေးကြောဆိုင်ရာရောဂါများ (၂၀၀၆ ခုနှစ်စစ်တမ်းများအရ) ရှိနေကြပါတယ်။ ပါဝင်တဲ့ရောဂါအမျိုးစားများကတော့ သွေးတိုးရောဂါ (Hypertension)

May 2, 2011

ဆေခန်းသွားရင် ဆရာဝန်နှင့် ဘယ်လိုစကားပြောမလဲ An Effective Talk to your Doctor

ရက်ချိန်းရထားပြီး လူနာတစ်ယောက် ဒီကနေ့ဆရာဝန်ကို လာတွေ့ပါတယ် ကျွန်တော်က ဆရာဝန်နှင့် လူနာဘေးမှာ ရှိနေပါတယ်……
ဆရာဝန်။       ။ ဒီကနေ့ ဘယ်လိုနေလဲ ပြောပြပါအုံး
လူနာ            ။ ဟင်း……ဘယ်လိုနေလဲဆိုတော့ ဒီလိုပါပဲ၊

လူနာများ ဆရာဝန်ပြတဲ့အခါမှာ ဆရာဝန်က ပထမဦးဆုံး မေးလေ့မေးထရှိတာက Chief Complaint လို့ခေါ်တဲ့ လူနာဆေးရုံလာရခြင်းရဲ့ အဓိကအကြောင်းရင်းပါ။ အခုလိုမေးတဲ့အခါမှာ လူနာများနေနဲ့ နှင့်

April 26, 2011

လူသားကမ္မဗေဒ (Human Physiology)

လူသား ကမ္မဗေဒ(Human Physiology)ဆိုသည်မှာ ခန္ဓာကိုယ်ရှိ သက်ရှိအဖွဲ့စည်းများ၏ လုပ်ဆောင်ချက်များကို လေ့လာသော ပညာရပ်ဖြစ်သည်။ အော်ဂန်များ (Organs)၊ အော်ဂန်အဖွဲ့စည်းများ (Organ Systems)၊ တစ်ရူးစ် နှင့် ဆဲလ် တို့၏ ရူပနှင့်ဓာတုဆိုင်ရာ လုပ်ငန်းဆောင်တာ(Functions) များ

အသက်ရှုအဖွဲ့စည်း (Respiratory System)

အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဟာ ကျေးလက်ဒေသမှ ဆေးရုံအရေးပေါ်ခန်းထိ တွေ့မြင်နိုင်တဲ့ အဖြစ်များတဲ့ အုပ်စုထဲမှာပါဝင်ပါတယ်။ ၄င်းအဖွဲ့စည်းကို ပုံမှန်ဟုတ်မဟုတ် ခွဲခြားနိုင်ဖို့အတွက် ပုံမှန်အခြေအနေများကို နားလည်ထားဖို့လိုပါတယ်၊ ဒါကြောင့်